ကျန်းမာရေးဆိုင်ရာ အတိုအထွာ

ဝိတ်ဘာလို့မြန်မြန်တက်လဲသိလား (၁)

 

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားတွေဖြစ်ပေမယ့် သင်အလွန်အကျွံစားမိတဲ့အခါ ဝိတ်မြန်မြန်တက်စေနိုင်ပါတယ်

ထောပတ်သီး၊ ကွေကာကြမ်း၊ dark chocolate၊ အစေ့အဆံ၊ မြေပဲထောပတ်တို့လို အဟာရကြွယ်ဝတဲ့အစားအစာများ ကိုအများကြီးစားသုံးခြင်းကလည်း သင့်ကိုဝိတ်တက်စေဖို့ခေါ်ဆောင်သွားပါလိမ့်မယ်…

 

ကယ်လိုရီလျော့ကျစေတဲ့အစားအစာတွေဆိုပေမယ့်လည်း အများကြီးအလွန်အကျွန်စားသုံးပေးခြင်းဟာ သင့်ကိုဝိတ်ကျစေဖို့ကူညီမပေးနိုင်ပါဘူး။ နောက်တကြိမ် သင်အစားအသောက်နဲ့ဝိတ်ထိန်းဖို့စဉ်းစားရင် အောက်ပါအချက်(၃)ချက်ကိုမမေ့ပါနဲ့…

(၁) ချိစ်တွေ မြေပဲထောပတ်တွေ ကို စားမယ်ဆို ပင်ပေါင်ဘောလုံးတစ်လုံးအရွယ်အစားထက်ပိုမကြီးပါစေနဲ့။

(၂) သင်စားမယ့်ထမင်းတနပ်စာဟာ သင့်လက်သီးတဆုတ်စာထက်မပိုပါစေနဲ့။

(၃) အဆီနည်းတဲ့အသား (ပေါင်သားကဲ့သို့) အသားမျိုးကို ဖဲထုတ်တစ်ထုတ်စာစားသုံးပေးသင့်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *